Friday 28 June 2013


ချစ်စံအိမ်လေး၏ ဥယျောဇဉ် မင်္ဂလာပါရှင်၊

 ကျမတို့ရဲ့ ချစ်စံအိမ်လေးကို မီဒီယာတစ်ခုအနေနဲ့ရော မြန်မာလူမျိုး အင်တာနက်အသုံးပြုသူ မြန်မာလူငယ်တွေအတွက်ပါ Social Network တစ်ခု ဖြစ်နေအောင် ဖန်တီးထားပါတယ်။ မန်ဘာများအတွက် အသိပညာ ဗဟုသုတ ရစေနိုင်သော ပိုစ့်၊ ကဗျာ၊ ၀တ္ထု၊ သတင်း၊ သုတ၊ ရသ၊ အတွေးအမြင်၊ နည်းပညာဆိုင်ရာများအား စိစစ်တင်ပြပေး သွားမှာ ဖြစ်ပါတယ်။ ဘလော့ဂ်ဂါများ တင်လိုက်သော ပို့စ် များသည် ချက်ချင်း ကျရောက်လာမည်မဟုတ်ပါ။ ဘလော့ပိုစ့်အက်ဒ်မင်များ စိစစ်ပြီးမှ ပြန်လည်ချပေးမည်ဖြစ်ပါတယ်။ ချစ်စံအိမ်လေးသည် အများ လေ့လာရာ စာမျက်နှာ တစ်ခုဖြစ်တာကြောင့် ရုတ်ရင့်ကျမ်းတမ်းခြင်းနဲ့ အနှောက်ယှက်ပြုခြင်းတို့ အားလုံး အားလုံးကို ကျမတို့က တင်းကြပ်စွာ တားမြစ်မှာပါ။ ချစ်စံအိမ်လေး သည် နိုင်ငံတကာ အင်တာနက် စာမျက်နှာအဖြစ် တရားဝင် မှတ်ပုံတင်ထားသော လူမှု့ဝက်ဆိုဒ်ဖြစ်ပြီး မန်ဘာများ၏ ကိုယ်ရေးကိုတာများကို ချစ်စံအိမ်လေးမှ တာဝန်မယူပါ။ တာဝန်မရှိပါ။ ဆိုဒ်၏ အက်ဒ်မင်များအားလုံး ၏ ဆောင်ရွက်မှု၊ ဆုံးဖြတ်မှု နှင့် တည်းဖြတ်မှု အားလုံးကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ စာပေ၊ ကဗျာ၊ သတင်း၊ ရုပ်သံ၊ သီချင်း၊ ကြော်ငြာများ အားလုံးအတွက် ကာယကံရှင်များကသာ တာဝန်ယူရန် သတ်မှတ်ထားပါတယ်။ မန်ဘာများ၏ လုပ်ဆောင်ချက်များသည် ချစ်စံအိမ်လေး၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိရန် လိုပါတယ်။ ဘလော့ ၊ သတင်း ၊ စာပေ ၊ ဆွေးနွေးချက် များနှင့်ပတ်သက်ပြီး မူပိုင်ခွင့်၊ ကန့်ကွက်ခြင်း၊ အဖွဲ့စည်း ဆိုင်ရာ ကန့်ကွက်ခြင်းများ ရှိလာပါက ကျမတို့ အက်ဒ်မင်များထံသို့သာ အကြောင်းကြားနိုင်တယ်။ အခြားသော မည်သူ့ကိုမျှ ဆုံးဖြတ်ခွင့် ပြင်ဆင်ခွင့်မပေးပါ ။ တိုင်ကြားမှု့မရှိသောစာပေများကို ဆက်လက်ခွင့်ပြုနေမှာ ဖြစ်ပါတယ်။ နိုင်ငံတကာတွင် မြန်မာတို့၏ စည်းကမ်းနှင့် အရည်အချင်းကို ချစ်စံအိမ်လေးမှ နမူနာ စံပြ ရပ်တည်နိုင်အောင် ကြိုးစားပါမယ်။ ဤသတ်မှတ်ချက်များသည် မန်ဘာတိုင်းအတွက်ဖြစ်ပြီး အထက်ပါသတ်မှတ်ချက်များသည် ဆိုဒ် တည်ထောင်သူ၏ သတ်မှတ်ချက်များဖြစ်ပါတယ်။

စည်းကမ်းချက်များ ထုတ်ပြန်ခြင်း ယခု အောက်ပါ စည်းကမ်းချက်အတိုင်းလည်း တိတိကျကျ ဆောင်ရွက်ပါမည်။

စည်းကမ်းချက်များ ပြောင်းလဲခြင်း ဖြည့်စွက်ခြင်းတို့ကို အက်ဒ်မင်များ၏ အကြံပြုညှိနှိုင်းချက်များဖြင့် ဆက်လက်ဆောင်ရွက်ပါမည်။ စည်းကမ်းချက်များ ပြောင်းလဲ ဖြည့်စွက်တိုင်း မန်ဘာများကို အသိပေးပါမည်။ xxxxxxxxxxxxxxxxxxxxxxxxxxxxx

မန်ဘာအားလုံးအတွက်စည်းကမ်းချက် မန်ဘာအားလုံးသည်...
 ၁။ ချစ်စံအိမ်လေးရဲ့ အမှတ်တဆိပ် ၊ Logo ၊ သင်္ကေတ ၊ ပုံစံ အားလုံးကို ခွင့်ပြုချက်မရှိသောမည်သူမျှ ဆိုဒ်၏ပြင်ပ မည်သည့်နေရာတွင်မျှ သုံးခွင့်မပြုပါ။

 ၂။ အများသုံးချက်ဘောက်တွင် ဆဲဆိုပါက သတိပေးတာမြစ်မှုကို ခံရမည်ဖြစ်ပြီး ဆက်လက်ပြုလုပ်ပါက ချက်အတွင်း(သို့) ဆိုဒ်အတွင်းမှ ချက်ချင်း ထုတ်ပယ်မည်၊

 ၃။ ချက်ဘောက်တွင် အများအနှောက်အယှက်ဖြစ်အောင် Copy paste လုပ်၍ နှောက်ယှက်ပါက သတိပေးတာမြစ်မှုကို ခံရမည်ဖြစ်ပြီး ဆက်လက်ပြုလုပ်ပါက ချက်အတွင်း(သို့) ဆိုဒ်အတွင်းမှ ချက်ချင်း ထုတ်ပယ်မည်။

၃။ ဘလော့ဂ် စာမျက်နှာများတွင် ရိုင်းပြသော စာ/ပုံများ ကော့မက်ပေးခြင်း၊ ရန်စ စော်ကားခြင်း ပြုလုပ်ပါက အများဆုံး တစ်ကြိမ်သာ သတိပေးမည်ဖြစ်ပြိး လိုအပ်ပါက ဆိုဒ်အတွင်းမှ ချက်ချင်း ထုတ်ပယ်မည်။

၎။ မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုတို့နှင့် မကိုက်ညီသော ပုံ၊ စာ၊ ဇာတ်ကား၊ သီချင်းများ ရှိပါက ချက်ချင်း ဖျက်ပါမည်။

 ၅။ အများစိတ်အနှောက်အယှက်ဖြစ်စေသော အကြောင်းအရာများရှိပါက သတိပေးတာမြစ်မှုကို ခံရမည်ဖြစ်ပြီး ဆက်လက်ပြုလုပ်ပါက ဆိုဒ်အတွင်းမှ ထုတ်ပယ်သွားမည်ဖြစ်ပါသည်။

 ၆။ မိမိတို.တင်ထားသော ဘလော.ပိုစ်.များကို တာဝန်ခံအက်ဒမင်များမှ စိစစ်ပြီး ချပေးသွားမည်ဖြစ်ပါသည်။

 ၇။ ဘလော.များကိုစိစစ်ရာတွင် မိမိ ကိုယ်ပိုင်ရေး ကိုယ်ပိုင်အတွေးများ မဟုတ်သည်. သတင်း ဘလော. ကဗျာ ရသစာပေများကို တခြားသော ၀က်ဆိုဒ်များမှ ကူးယူဖော်ပြ တင်လာပါက မူရင်း စာရေးဆရာများနှင်. မိမိတို.ကူးယူဖော်ပြသော ၀က်ဆိုဒ်များ၏ မူရင်း နာမည်များကို ဖော်ပြပေးရပါမည် မူရင်း စာရေးဆရာ ၀က်ဆိုဒ်အမည်များကို မဖော်ပြလာပါက ၏ဘလော.အား တာဝန်ခံအက်ဒမင် များမှ ပယ်ဖျက်သွားပါမည်။
 xxxxxxxxxxxxx
 ဘလော့ဂ်ဂါများအတွက်စည်းကမ်းချက် မန်ဘာအားလုံး ဗဟုသုတ ရရှိစေရန် ပိုစ့်၊ ကဗျာ၊ ၀တ္ထု၊ သတင်း၊ သုတ၊ ရသ၊ အတွေးအမြင်၊ နည်းပညာဆိုင်ရာများ ရေးသားတင်ပြနေကြသူ ဘလော့ဂ်ဂါများကို အထူး ကျေးဇူးတင်ရှိပါသည် သို့ရာတွင် ဘလော့ဂ်များကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန် ဘလော့ဂ်ဂါများသည်... မန်ဘာများလိုက်နာရန် စည်းကမ်းချက်များကို လိုက်နာရမည့်အပြင်
 ၁။ ဥပဒေနှင့်ဆန့်ကျင်သော ပို့စ်များ နိုင်ငံရေး နှင့်ပတ်သက်၍ အခြေအမြစ်မရှိပဲ ရေးသားသည့်ပို့စ်များ တစ်ခြားလူမျိုး/ ဘာသာအပေါ် အပြစ်တင်ဝေဖန် ရှုတ်ချ သောပိုစ့်များ အကျိုးမရှိသော ပို့စ်များအား တင်ခွင့်မပြုပါ။

 ၂။ သတင်းအနေဖြင့် တင်ပြသော ပို့စ်များ ဖြစ်ပါက သက်သေအထောက်အထား စုံလင်စွာဖြင့် တင်ပြရမည်။ အထောက်အထား စုံလင်မှု မရှိပါက အက်ဒမင်များမှ ပိုစ့်ပိုင်ရှင်အား အကြောင်းကြား၍ ပယ်ဖျက်မည်ဖြစ်သည်။

 ၃။ မိမိကိုယ်ပိုင် ခံစားရေးဖွဲ့ခဲ့သော ပိုစ့်တစ်ပုဒ်ဖြစ်ပါက ပိုစ့်တွင် မိမိ၏အမည် (ကလောင်အမည်) ကိုဖေါ်ပြပေးပါရန် နှင့် ကူးယူဖေါ်ပြခဲ့ပါက ရေးသားသူ၏အမည်ကို ဖေါ်ပြပေးရန်။

 ၄။ အင်တာဗျူးများကို တာဝန်ခံ အက်ဒမင်မှသာ တင်ပေးပါမည်။

 ၅။ Blog Post အဆုံးရှိ Tags: တွင် မိမိတင်ပြလိုသော ပိုစ့် အမျိုးအစား ၀တ္ထုတို၊ ကဗျာ၊ ရသ၊ အတွေးအမြင်၊ ဟာသ၊ နည်းပညာ၊ ဗဟုသုတ စသည့်ဖြင့် ထည့်ပေးရမည်။

 ၆။ တစ်ပါးသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော စကားအသုံးအနှုန်းများ၊ ဝေဖန်မှုများ ပါသည့် ပိုစ့်များအား ပယ်ဖျက်သွားမည်ဖြစ်သည်။
 ၇။ Blog post များကို တစ်နေ့လျှင် ၃ ပုဒ်သာ ရေးသားတင်ပြခွင့်ရှိသည်။ ၈။ မိမိတင်သွင်းသော ပိုစ့်အတွက် ပြဿနာဖြစ်ပါက တာဝန်ခံနိုင်ရမည်ဖြစ်ပြီး ပိုစ့် ၌ပေးကြသော Comments များတွင် ရိုင်းစိုင်းသောအသုံးအနှုန်း အပြောအဆိုများ ရှိခဲ့ပါက ဆိုက်ဒ်တာဝန်ရှိသော အက်ဒ်မင် ထံတိုင်ကြားရမည်၊ xxxxxxxxxx အက်ဒ်မင်များအတွက်စည်းကမ်းချက် ကျမ ရေးသားထားသော စည်းကမ်းများကို ကျမ အပါအဝင် ချစ်စံအိမ်ကို စေတာကိုယ်စီဖြင့် တာဝန်ထမ်းဆောင်ပေးနေကြသော အက်ဒ်မင်များသည်.... မန်ဘာများ လိုက်နာရန် စည်းကမ်းများကို တိကျစွာ လိုက်နာရမည့်အပြင်.....

၁။ မန်ဘာများ၏ ကိုယ်ရေးကိုယ်တာ အချက်များအား ကြည့်ခွင့်မရှိ၊

၂။ ကာယကံရှင် မန်ဘာများမသိဘဲ Email ကို Add ခွင့်မရှိ၊

၃။ အချက်အလက်များလုံခြုံမှုအား တန်ဖိုးထားရန်နှင့် ဆုံးဖြတ်မှုတိုင်းကို မှန်ကန်သောစိတ်ထားဖြင့် ဆောင်ရွက်ရမည်၊

 ၄။ မန်ဘာများကို ထုတ်ပယ်မှု မပြုမီအချိန်ထိ မိသားစုစိတ်ဖြင့် ညှိနှိုင်း သတိပေး၍ လက်တွဲခေါ်ရမည်၊

 ၅။ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ထုတ်ပယ်ခြင်းမျိုး လုံးဝ မပြုလုပ်ရ၊

xxxxxxxxxx
ချစ်စံအိမ်လေး၏ မန်ဘာများအား သတိပေးမေတ္တာရပ်ခံချက် ချစ်စံအိမ်လေးဆိုဒ်မှ ချစ်ခင် လေးစားရပါသော ညီအကို မောင်နှမများရှင်

ကျမတို့ ချစ်စံအိမ်လေးဆိုဒ်၏ ရေရှည် တည်တံ့ ခိုင်မြဲစွာ ဆက်လက်ရပ်တည်နိုင်စေရန်အတွက် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မွန်မြတ်သော ပရဟိတအကျိုး သယ်ပိုး ဆောင်ရွက်ကြခြင်းဖြင့် တက်ညီ လက်ညီ လက်တွဲ လျှောက်လှမ်းကြပါစို့လားရှင်.....။
 xxxxx
ချစ်ခင် လေးစားစွာဖြင့်........။

 { ဟေမာန်ကို }.....

No comments:

Post a Comment