မိုးကြောင့်(ပြိုင်ပွဲဝင် ကဗျာ)
လေပြင်းတွေ ခြွေတဲ့မိုးရေ...
အနောက်တောင် အရပ်ကနေ နင်လာ
လူ့ကမ္ဘာမှာ သာယာအောင် နင်မျက်ရည်တွေ ရွာချ...
ငါ့ညတွေကတော့ မဆုံးနိုင်....
တဖွဲဖွဲနဲ့ တရိပ်ရိပ် နင်ငြိုးမာန်တွေဆင်
ငါ့ရင်မှာ နာနေတာနင်မသိ....
ဝှေ့ကနဲ ၀ှိက်ကနဲ လေပြင်းကို နင် ဆင့်လိုခေါ်
တို့တွေ အပေါ်မှာ နင်လေ မုန်းမာန်ဖွဲ့
နင့် ဒဏ်ကြောင့် သွဲ့နွဲ့ကြပေါ့ တို့တတွေ...
ဟိုပင် ဒီစောင်း နွဲ့နှောင်းနေအောင် ခါကော့ခံ

လေရဲ့ ဒဏ်... မိုးရဲ့ဒဏ်
ဖေးကူသူ ဖော်မဲ့ ဝေဒနာ ခံစားချက်က
ရင်ထဲမှာ ဖျစ်ဖျစ်နာ.. (နင့်ကို )တော့ မုန်း၍မျှ ပင် မနာ
ဒါပေမယ့်....
နောက်တစ်ခါ ..ငါ မိုးထဲက သစ်ပင် ဘဝ
ဝေးရာမှာသာ ရချင်တယ်...
ဖေးကူသူ ဖော်မဲ့ ဝေဒနာ ခံစားချက်က
ရင်ထဲမှာ ဖျစ်ဖျစ်နာ.. (နင့်ကို )တော့ မုန်း၍မျှ ပင် မနာ
ဒါပေမယ့်....
နောက်တစ်ခါ ..ငါ မိုးထဲက သစ်ပင် ဘဝ
ဝေးရာမှာသာ ရချင်တယ်...
ေ
No comments:
Post a Comment